Friday, September 14, 2007

Fantasy Paintings

သူငယ်ချင်းတစ်ယောက်စီက ရထားတဲ့ပုံလေးတွေပါ... ပုံလေးတွေကထူးဆန်းလို့.. ပို့စ်အနေနဲ့တင်လိုက်တာပါ...
(ပေါက်၂ဆုပ် ပို့စ်အသစ်တင်ခိုင်းလို့.. ဘာတင်ရမှန်းမတိတာနဲ့... တင်လိုက်တာ.. chweet ကျေနပ်တယ်နော်..Photo Sharing and Video Hosting at Photobucketကွိကွိ) Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Tuesday, September 11, 2007

tH3 mUziC v!d30 ! liK3

လာပီ..လာပီဒေါ်တက်ရီ... :D
သူငယ်ဂျင်းတွေက blog အသစ်မတင်သေးဝူးလားလို့မေးကြလွန်းလို့... အားနာပါးနာနဲ့ ဖျစ်ညှစ်ပီး...အသစ်တင်လိုက်ပါတယ်॥
အခု channel V မှာအခုတလော မကြာခဏလာနေတဲ့.. ကျောင်းသီချင်းMVလေး ဖြစ်ပါတယ်.. အဲ့သီချင်းကိုကြည့်တိုင်း ပျော်စရာကြီးလို့ ခံစားမိတယ်..ဒါကြောင့်အားလုံးကို share လိုက်ပါတယ်... :P ပီရော့နဲ့ခံစားချက်မတူဝူးဆိုရင်တော့.. ချောတီး

video
အချိန်ကုန်ခံပီး မျက်စိအညောင်းခံပေးတဲ့ သယ်ရင်းတေကိုကျေးဂျူးပါ (ဂျူး၂ပါ..ပေါက်၂ဆုပ်ပါ..အားမေးပါ) :D
ဝါး... ဒီblogရေးတာတော်တော်လက်ညောင်းတာပဲ .. ကွိကွိ :P

Saturday, July 21, 2007

တိရိစ္ဆာန်ရုံသွားကြပါစို့ ... အစာကျွေးဖို့လဲမမေ့နဲ့နော် |^.^|


ဇွန်လ ၁၇ရက်နေ့က ဆရာမ၊သူငယ်ချင်းတွေနဲ့အတူတူ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ကိုသွားခဲ့ကြတယ်။ ပိတ်ရက်ပေမဲ့ လာတဲ့လူသိပ်မများဘူး..ပထမဆုံး ရေမြင်းတွေဆီသွားတယ် အစာတောင်ကျွေးမဲ့သူမရှိလို့ ရေထဲစိမ်နေကြတယ်၊ အဲဒါနဲ့ ကန်စွန်းရွက် ၂ခြင်း ၀ယ်ကျွေးလိုက်တယ်.. ဒါတောင်မနည်း ခေါ်ကျွေးရတယ်..။



ပြီးတော့ ဖျံတွေရှိတဲ့နေရာ သွားကြတယ် ဖျံတွေတော့အစာကျွေးတဲ့သူနဲနဲများတယ်.. ဖျံတွေအနံ့မခံနိုင်တာနဲ့.. ခဏပဲနေတယ်..ဟီး :P ..။










ဲဒီနောက် အမျိုးတွေသွားကြည့်ကြတယ်...(အားလုံးရဲ့ ကိုယ်စား ကြည့်ပေးတာနော်ကျေးဇူးတင်အုံး) :) မျောက်တွေကလဲလည်မှလည်ပဲ ရေခဲထုပ်တောင် ရအောင်စားတယ် ဘယ်သူကကျွေးထားမှန်းမသိပါဘူး..မျောက်တွေကိုငှက်ပျောသီးကျွေးတာမစားဘူးတော့... ကမ်းပေးတော့.. ယူမလိုလုပ်ပြီးပုပ်ချူလိုက်တယ်..အဲဒါနဲ့ သခွားသီးကျွေးတော့ လုစားကြတယ်.. တော်တော်ရေငတ်နေတဲပုံပဲ.. တချို့အကောင်တွေဆို ငှက်ပျောသီးကို အဝေးကြီးလွှတ်ပစ်လိုက်တယ်.. အားကကြီးပ...။







ၼၼၼၼၼၼ



ပြီးကျ.
.သူ့ဘေးက ၀က်ဝံတွေကြည့်သေးတယ်.. ဆက်လျှောက်သွားတော့ ငှက်တွေအမျိုးစုံပဲ..ဘာတဲ့ ငှက်နာမည်ကဆန်းလို့မေ့တောင်သွားပြီ မိဖုရားခေါင်ဆိုလားသိဘူး.. နန်းတော်နဲ့ ဆိုင်တဲ့နာမည်ပဲ.. သူ့ကိုကျနတ်ကွန်းလိုမျိုးနဲ့ထားတာ တွေ့တောင်တွေ့ရဘူး ထဲမှာအိပ်နေတာ မနိုးသေးလို့နဲ့တူတယ်..။



အဲဒီဲနောက်မြွေတွေသွားကြည့်တယ်...အဲမြွေတွေကအလုပ်ဖြစ်နေတာ...အလှတွဲရိုက်လို့ရတယ်..
အဲဒီမှာမြွေဆရာရှိတယ်..မြေ
ွကိုပုဝါလိုချုံထားတာ..မြွေရဲ့ပါးစပ်ကိုတော့ tape နဲ့ပိတ်ထားတယ် သူ့ကိုမေးတော့..အစာတွေအံမှာစိုးလို့တဲ့..(အမှန်တော့သူ့ပေါက်မှာစိုးလို့လားမှ မသိတာ နော့ :D) မြွေအလှရိုက်ခံတာ ၂ကောင်တောင်.. တစ်ကောင်ကအ၀ါအနက်ကျား၊ နောက်တစ်ကောင်က အညိုအနက်ကျား၊ ၁ခါရိုက်၂၀၀တဲ့၊

အဲဒီနားမှာပဲ ၀က်ဝံသေးသေးလေးတွေ ၂ကောင်ချီပြီးရိုက်လို့ရတယ် ကလေးလေးတွေလို၊ သွားရင်းသွားရင်းနဲ့ သမင်တွေတွေ့ခဲ့တယ်...










ပြီးတော့ဒရယ်တွေဆီေ
ရာက်သွားတယ်.. ဒရယ်တွေကနေရိပ်မှာစုပြီးနားနေကြတယ်.. သူတို့ကိုအစာကျွေးဖို့ ငှက်ပျောသီး ၀ယ်လိုက်သေးတယ်..ကျွေးဖို့လုပ်တော့.. တစ်ကောင်မှ..အနားမှာရှိဘူး.. နေရိပ်မှပဲနေနေကြတယ်.. အဲဒါနဲ့စိတ်မရှည်လို့.. ငှက်ပျောသီးကို သူတို့ဆီရောက်အောင်ပစ်လိုက်တယ်..အဲ့ကျမှထစားတယ်..ပျင်းလှချည်လားလို့ ထင်မိတယ်။.. ဈေးရောင်းတဲ့ အဒျေါ်ကြီးကပြောတော့... သူတို့တွေကအစာမ၀လို့တဲ့.. အဲဒီမှာပဲခွေပြိးနေကြတာတဲ့... သူတို့ကိုရုံကကျွေးတဲ့ အစာတွေကလဲ မ၀လင်ဘူးတဲ့.. အဲကျမှပိုသနားမိတယ်.. ဟုတ်လဲဟုတ်တာပဲ..လူတွေကကြည့်ရုံ လာကြည့်ကြတာ အစာကျွေးတဲ့သူ သိပ်မရှိဘူး.. အဲခါကျ.. သူငယ်ချင်းတွေလဲသနားပြီး မျောက်ကိုကျွေးတုန်းက ကျန်တဲ့..ငှက်ပျောသီးတွေ.. အကုန်ကျွေးလိုက်တယ်..ဆိုင်ရှင်ကတောင်သာဓုခေါ်လိုက်သေးတယ်..။ တိရိစ္ဆာန်အကုန်ဒီလိုပဲလားလို့တောင် စဉ်းစားမိတယ်...
အဲဒီနောက် problem တက်ရော.. ဘာ problem လဲဆိုတော့.. ဗိုက်problem.. (တမျိုးထင်နဲ့နော်.. ဗိုက်ဆာတဲ့ problem) (problem ကို မြန်မာလို သိပေမဲ့.. သကြီးကိုလက်ကွက်မရလို့.. ခွင့်လွတ်ပါ.. :P : စကားချပ်) ဗိုက်ဆာတော့ယူလာတဲ့အစားအစာတွေကိုထိုင်စားဖို့.. နေရာရှာကြရတာပေါ့.. ဘယ်မှာတွေ့လဲဆိုတော့.. မျောက်ရုံနဲ့ ဆင်တွေ နားက အုတ်ခုံတွေမှာထိုင်ဖြစ်တယ်.. စားပွဲကော.. ထိုင်ခုံရောပါလို့.. အဆင်ပြေသွားတယ်.. အဲမှာဆင်တွေစီးကြတာတွေ့တယ်.. အစကတော့.. အမှတ်တမဲ့ပဲ.. သူငယ်ချင်းတစ်ယောက်ကတောင်.. ပြီးရင်စီးမယ်ဆိုပြီးပြောသေးတယ်.. ထမင်းလဲစားပြီးရော.. ဟိုကြည့်ဒီကြည့်နဲ့.. စကားတွေတောင်တောင်အီအီလျှောက်ပြောနေကြသေးတယ်.. ပြီးတော့ သတိထား မိသွားတယ်.. ဆင်ကိုလူတွေစီးနေကြတာ.. အဆက်မပြတ်ပဲ.. ဒီဆင်တစ်ကောင်ထဲကိုပဲ..၊ ဆင်ကြည့်ရတာလဲ.. တော်တော်ပင်ပန်းနေတဲ့ပုံပဲ.. တစ်ပတ်ပြီးတစ်ပတ်.. စီးတဲ့သူတွေကလဲအများကြီးပဲ... အဲဒီဆင်ကို တော်တော်သနားသွားတယ်.. ခဏလေးတောင်အနားမပေးဘူးဆိုပြီး..ဆင်ထိန်းကိုဒေါသထွက်မိတယ်..။ သူငယ်ချင်းက.. သူတို့လဲဒီနေ့ပဲရှာရတာလေတဲ့.. အဲလိုကျတော့လဲ..ဟုတ်တာပဲ.. ဘယ်သူ့မှအပြစ်တင်လို့ မရဘူး.. ကိုယ်လဲသနားရုံကလွဲပြီး.. ဘာမှလုပ်လို့မရဘူး.. အဲဒီမှာ..အစက ဆင်စီးချင်တဲ့သူငယ်ချင်းလဲ.. သနားပြီး မစီးတော့ဘူးဆိုပြီး နေရာကခွာခဲ့ကြတယ်..။


ပြီးတော့..ကျားထားတဲ့နေရာကိုသွားတယ်.. ကျားပေါက်လေးတွေ ပေါက်နေကြတယ်.. ၄ကောင်လောက် ရှိမယ်..အိပ်နေကြတာ..ကြောင်လေးတွေကြနေတာပဲ.. ကျားမကြီးကအသံထွက်လာတယ်.. ကျားဟိန်းသံလို့တောင်မဆိုသာတဲ့..အသံပျော့နဲ့.. ကျားလဲအစာမ၀လို့.. ဟိန်းတဲ့အသံတောင် ပျော့နေတာလားမသိဘူးလို့.. နောက်နေကြသေးတယ်..။

ဆက်သွားရင်းနဲ့ ဖြူး၊ပူး တွေကြည့်ခဲ့သေးတယ် အဲနောက်.. သဘာဝသမိုင်းပြတိုက်သွားမယ်.. Amusement center..သွားမယ်ဆိုပြီးလုကြရော.. သဘာဝသမိုင်းက အနိုင်ရသွားတယ်၊ ဘာမှလဲသိပ်ပြီး ထူးထူးဆန်းဆန်း မရှိပါဘူး... ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့အတိုင်းပဲ.. နောက်ဆုံး Amusement centre သွားတော့.. ၀င်ဖို့ တန်းတောင်စီရတယ်.. တိရိစ္ဆာန်ရုံမှာသာလူမရှိတာ အဲဒီမှာကျတော့ နဲတဲ့လူတွေ မဟုတ်ဘူး.. အဲဒီမှာစီးချင်တာတွေ လျှောက်စီးခဲ့ကြတယ်.. ပျော်ဖို့လဲကောင်းပါတယ်.. လူများလို့လားမသိ..။ Game City ကိုလဲ ၀င်သေးတယ်.. လူတွေတိုးလို့တောင်မပေါက်ဘူး.. ၄:၃၀ ကျတော့ ဆရာမက ချိန်းထားတာရှိတာနဲ့.. လမ်းခွဲလိုက်ကြတယ်... အလွန်ပျော်ဖို့ကောင်းတဲ့နေ့လေး တစ်နေ့ပါ ပဲ..။






အဲဒါနဲ့အတူစိုးရိမ်မှုပါခံစားလိုက်ရပါတယ်.. အဲဒါကတော့.... တိရိစ္ဆာန်လေးတွေရဲ့အနာဂတ်....။..။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပထမဆုံး ရေးတဲ့ blog ဖြစ်တဲ့အတွက်.. ဖတ်ရတာအဆင်မပြေတာရှိရင်.. သီးခံပါ.. မှားတာရှိလဲ.. comment.. ပေးလို့ရပါတယ်.. o^.^o